
ခရေကတော့ ဘဝတူ ညီအစ်မများကို ကူးစက်ရောဂါ မကူးအောင် အဖော်အသုံးပြုဖို့၊ ကူးစက်ခံရခဲ့ ပါကလည်း ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပေးနေပြီ ဆိုတဲ့အကြောင်းကို “ကျန်းမာရေးမကောင်းတဲ့ သူဆိုရင် အကူအညီပေးနေတဲ့ TOP, AZG အဖွဲ့တွေမှာ သွားပြီး သွေးစစ်ကြည့်ဖို့၊ ဆွေးနွေးတိုင်ပင်ဖို့ ပြောပြပေးတယ်။ ဆေးယူသောက်ဖို့လို နေတဲ့သူတွေ ကိုလည်း ဆေးရဖို့ လိုက်လုပ်ပေးတယ်” ဘဝအခက်အခဲတွေကို အန်တု ကျော်ဖြတ်ရင်း လိင်အလုပ်သမ ဘဝကနေရုန်းထွက်ပြီး ယခုအချိန်မှာ ဘဝတူများကို ကူညီပေး နေတဲ့ စေတနာ့ဝန်ထမ်းလေး အဖြစ် ရောက်ရှိနေပြီဖြစ်တယ်။

ဒါပေမယ့်လည်း အဖက်ဖက်မှ ခက်ခဲနေရတဲ့အခြေအနေမှာ လိင်အလုပ်သမတွေရဲ့အလုပ်ကို လုပ်ငန်းတခုအနေ ဖြင့် လက်ခံဖို့၊ သူတို့လိုအပ်နေတဲ့ ကျန်းမာရေး အသိပညာ၊ အထောက်ပံ့ တွေကို ဆက်လက်ရရှိဖို့က အလှမ်းဝေး နေပေမယ့်လည်း “လူကိုလူလိုမြင်ပြီး၊ ဝိုင်းဝန်းကူညီ” ပေးတဲ့ လူမှုအသိုင်းအဝန်း လေးကို ပြည်သူအချင်းချင်း ဖော်ဆောင်ကြဖို့ ဆန္ဒပြုတင်ဆက် လိုက်ပါတယ်။