သွေးဆုံးခြင်းကြောင့် အမျိုးသမီး အများစုသည် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစားကြရသည်။ အသက်အရွယ်ကြီးလာသည်နှင့် ခန္ဓာကိုယ်ထဲတွင် အစ်စထရိုဂျင်ဟော်မုန်း (အမျိုးသမီးဟော်မုန်း) လျော့နည်းလာသဖြင့် ရာသီသွေးထိန်ခြင်း၊ သားဉအိမ်မှ သားဉများဆင်းခြင်း မရှိသဖြင့် ကိုယ်ဝန်ဆောင်ခြင်း မရှိနိုင်ပါ။
များသောအားဖြင့် အသက် ၄၅ နှစ်မှ ၅၅နှစ်အတွင်း အဖြစ်များပါသည်။ သွေးဆုံးခြင်းသည် အမျိုးသမီးများအတွက် ဘဝပြောင်းလဲမှုမှတ်တိုင် တစ်ခုလည်း ဖြစ်သည်။ ရာသီသွေးရပ်ပြီး ၁၂လ ပတ်ဝန်းကျင် အခြေအနေဖြစ်သည်။ ဤအခြေအနေတွင် အမျိုးသမီးများ ခန္ဓာကိုယ်ပူထူခြင်း၊ မအီမသာရှိခြင်းသာမက စိတ်ပိုင်းဆိုင်ရာ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ စိတ်မအီမသာရှိခြင်း၊ အိပ်ရေးပျက်ခြင်း သာမက အားအင်လျော့နည်းလာသည်ဟု ခံစားလာကြသည်။
သွေးဆုံးခြင်းသည် ၂ပတ် ၃ပတ် ခံစားမှုရှိတတ်သော်လည်း အချိုးမှာ လနှင့် ချီ၍ ကြာတတ်သည်။ အချို့မှာ ၄နှစ်မှ ၇နှစ်- ၁၄နှစ်အထိ ခံစားရသည်ကို တွေ့ရှိရပါသည်။ သားအိမ်မှာ အစ်စထရိုဂျင် ဟော်မုန်း ထုတ်လုပ်မှုနည်းခြင်း၊ ကင်ဆာဆေးဖြင့်ကုသမှုခံယူခြင်း၊ ဓာတ်ရောင်ခြင်ပြ၍ ကုသမှုခံယူခြင်း၊ သားဉအိမ်ထုတ်လိုက်ခြင်း၊ သားဉအိမ်ထုတ်လိုက်သော သူများတွင် ပို၍ ခံစားရသည်ကို တွေ့ရသည်။ ဆေးလိပ်သောက်ခြင်း၊ လူမျိူးနှင့်လည်းဆက်စပ်မှုရှိသည်ကို တွေ့ရပါသည်။ မည်သည့်အချိန်တွင် သွေးဆုံးမည်ကို မိမိ၏ မိခင်၊ အမများ၏ သွေးဆုံးချိန်နှင့် တူသည်ကို တွေ့ရပါသည်။
သွေးဆုံးခြင်း၌ တွေ့ရသော ရောဂါလက္ခဏာများ
- စိုးရိမ်မှုများလာခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု (ဂဏာနမငြိမ် စိတ်ဂယောက်ဂယောက်ဖြစ်ခြင်း)
- ခန္ဓာကိုယ် အရေပြားများ ခြောက်သွေ့ခြင်း
- အိပ်ရေးပျက်ခြင်း၊ အိပ်မရခြင်း
- လိင်ဆက်ဆံရာတွင် ပြဿနာရှိခြင်း
- မိမိကိုယ်ကို တန်ဖိုးမဲ့သည်ဟု ခံစားလာရခြင်း
- ခွန်အားနည်းလာခြင်း
- အရိုးအဆစ်များနာကျင်လာခြင်း
- မှတ်ညဏ်အားနည်းလာခြင်း
- ပြင်းထန်သော ခေါင်းကိုက်ဝေဒနာခံစားရခြင်း
- ညဘက်တွင် ချွေးထွက်ခြင်း
- ရာသီသွေးထိန်ခြင်း
- မိန်းမကိုယ်ခြောက်သွေ့ခြင်း
- မိန်းမကိုယ်ယားယံခြင်း
အထက်ပါပြဿနာများနေ့စဉ်ခံစားလာရပါကကျန်းမာရေးဌာနမှသိကျွမ်းသူဆရာဝန် ဆရာမများထံသို့ ပြသ၍ကုသမှုခံယူရန်လိုအပ်ပါသည်။ ကုသပြုစုမှုနည်းလမ်းများစွာရှိပါသည်။
၁။ဟော်မုန်းဆေးများစားသုံးခြင်း
၂။မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက်ဆေးများလိမ်းခြင်း
၃။မှတ်ညဏ်အတွက်ကုသမှုခံယူခြင်း
၄။အာဟာရပြည့်ဝလုံလောက်မျှတသောအစားအစာစားသုံးခြင်း
၅။လေ့ကျင့်ခန်းများမှန်မှန်ပြုလုပ်ခြင်း
၆။ဗီတာမင်ဆေးများစားသုံးခြင်း (အေ ၊ ဘီ-၆ ၊ ဘီ-၁၂ ၊ စီ၊ ဒီ၊ အီး၊ ကေ)
၇။မက်ကနီဆီယမ် ဆေးစားသုံးခြင်း
၈။ကယ်လဆီယမ် ဆေးစားသုံးခြင်း
၉။ငါးကြီးဆီစားသုံးခြင်း
၁၀။အရေပြားအတွက် ကိုလာဂျင်ကိုစားသုံးခြင်း
၁၁။ပုံမှန်ပြသပြီးကုသမှု ဆွေးနွေးမှုခံယူခြင်း
သွေးဆုံးခြင်းကိုရှောင်ရှားရန်မရနိုင်သော်လည်း နောက်ဆက်တွဲ ဆိုးဝါးသောကျန်းမာရေးပြသနာများကိုထိန်းသိမ်းနိုင်ပါသည်။
၁။ကျန်းမာရေးနှင့်ညီညွတ်သော လုံလောက်မျှတသော အစာစားရန်
၂။လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်
၃။အိပ်ရေးဝဝအိပ်ရန်
၄။အရိုးသန်မာရေအတွက်ဆောင်ရွက်ရန်
၅။မိမိသွေးပေါင်ချိန်ကို ပုံမှန်အခြေအနေတွင်ထိန်းသိမ်းရန်လိုအပ်ပါသည်။
နောက်ဆက်တွဲပြဿနာများ
ခန္ဓာကိုယ်တွင် အစ်စထရိုဂျင်ဟော်မုန်းလျော့နည်းလာသဖြင့် ခန္ဓာကိုယ်ထဲပြောင်းလဲမှုနှင့် ကျန်းမာရေးပြဿနာများရှိလာပါသည်။ ကိုယ်အလေးချိန်တိုးလာခြင်း ဝလာခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း၊အရိုးပွခြင်းပြဿနာရှိလာနိုင်ပါသည်။ ထိုဟော်မုန်းလျော့နည်းမှု
ကြောင့်သွေးလည်ပတ်မှုလမ်းကြောင်းနှင့် နှလုံးရောဂါပြသနာများ ပိုမိုဆိုးလာနိုင်ပါသည်။ အရိုးပွခြင်းကြောင့် ချောလဲပါက အရိုးကျိုးလွယ်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ဆီးမထိန်းနိုင်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာပြသနာများလည်းရှိလာနိုင်ပါသည်။
သွေးဆုံးခြင်းအတွက်စားသုံးရန်အထူးသင့်လျော်သောအစားအစာများ
၁။အသီးအနှံ၊ သစ်သီးဝလံများ
၂။ဟင်းသီးဟင်းရွက်များ
၃။ကောက်ပဲသီးနှံအစုံ
၄။ကောင်းမွန်သောအသားများ
၅။နို့ထွက်အစားအစာများ
၆။ငါးကြီးဆီ
၇။ပဲပုတ်စေ့မှပြုလုပ်သောအစားအစာများ(ပဲနို့)
ရှောင်ရှားရမည့်အစားအစာများ
၁။အရက်
၂။ကော်ဖီ
၃။ငန်လွန်းစပ်လွန်းသောအစာများ
လိုအပ်သော ကုသမှု၊ နေ့စဉ်မှန်ကန်သော အလေ့အကျင့် နေထိုင်ပြုမှုခြင်းအားဖြင့် သွေးဆုံးခြင်းကြောင့် ဖြစ်နိုင်သော ပြဿနာများကိုအောင်မြင်စွာ ကျော်လွှားနိုင်ပါသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မိသားစုဝင်နှင့် ပတ်ဝန်းကျင်မှ နွေးထွေးမှု၊ ဖေးမမှု၊ နားလည်မှုများလည်းလိုအပ်ပါသည်။
