🤎စေတနာ့ကျန်းမာရေးဝန်ထမ်းမှ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ဒေါ် မေစံပယ်ဖြူ🤎

You are currently viewing 🤎စေတနာ့ကျန်းမာရေးဝန်ထမ်းမှ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ဒေါ် မေစံပယ်ဖြူ🤎
🤎ပေးဆပ်လိုစိတ်ဖြင့် ကြီးပြင်းလာသူ
 
ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခု၏ ယင်းပြုပြင်ပြောင်းလဲမှု ကို ဟန်ချက်ညီသော ပြုပြင်ပြောင်း လဲမှုအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားကြသူများထဲတွင် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိဆုရှင် နှင့် Gender Equality Network (GEN) ၏ ဒါရိုက်တာဖြစ်သူ ဒေါ်မေစံပယ်ဖြူသည် ဂျန်ဒါတန်းတူရေး နှင့်ငြိမ်းချမ်းရေးများတွင် လူသိများသော အမျိုးသမီး တက်ကြွလှုပ်ရှားတစ်ဉီး ဖြစ်သည်။ ကချင်တိုင်းရင်းသားစပ်သူ ဒေါ်မေစံပယ်ဖြူ သည် ကချင်ပြည်နယ်တွင် ကြီးပြင်းလာသူ တစ်ဉီးဖြစ်သည်။ ဆရာဝန်ဖြစ်သူ ဖခင်၏ စွန့်လွတ်အနစ်နာခံမှုများကို ငယ်စဉ်ကတည်းက လေးစားအားကျခဲ့ပြီး တချိန်ချိန်တွင် ဝေးလံခေါင်ဖျားသော နေရာများတွင် စေတနာ့ ဆရာဝန်အဖြစ် သွားရောက်လုပ်ကိုင်ဖို့ မျှော်လင့်ခဲ့ဖူးသူ ဖြစ်သည်။
 
🤎 လှုပ်ရှားတက်ကြွသူ ဖြစ်လာမည့် လမ်းစ
 
အကြောင်းမတိုက်ဆိုင်သောကြောင့် ဒေါ်မေစံပယ်ဖြူသည် သူမမျှော်လင့်ထားသည့် ဆရာဝန် မဖြစ်ခဲ့သော်လည်း သူမလုပ်ချင်သောစေတနာ့ကျန်းမာရေး ဝန်ဆောင် လုပ်ငန်းများကို လုပ်ကိုင် နိုင်မည့် အခွင့်အလမ်း တစ်ခု ကို နယ်စီးမခြားဆရာဝန်များအဖွဲ့တွင် ရရှိခဲ့သည်။ ယင်းအဖွဲ့အစည်း တွင် လုပ်ကိုင်နေရင်း HIV ဆိုင်ရာ ကုသမှုမျိုးအတွက် ဆေးဝါးလုံလောက်မှု မရှိသည့် အခါ (သို့မဟုတ်) ဝန်ဆောင်မှု အကန့်အသတ်ဖြစ်သည့် အခါမျိုးတွင် အမျိုးသားများကိုသာ ဦးစားပေးဆေးပေးဖို့ ဆုံးဖြတ်ကြပြီး လက်တွေ့တွင်မူ အမျိုးသမီးများသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်း ပိုမိုအား ကောင်းကြပုံနှင့် သူတို့ကိုယ်တိုင် မကျန်းမာသည့်တိုင်အောင် အိမ်ထောင်ဖက် အမျိုးသားနှင့် မိသားစုကိုပါ ပြုစုလုပ်ကိုင် ပေးနိုင်သည့် စွမ်းအားရှိကြပုံများကို သူမလေ့လာသိရှိခဲ့ရသည်။ ၎င်း အတွေ့အကြုံသည် နောင်တွင်သူမကို လူသိများ သောဂျဲန်ဒါတန်းတူညီမျှရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်လာစေခဲ့ပါသည်။
“လူတိုင်းလူတိုင်းဟာ ကျန်မာရေးဆောက်ရှောက်ခွင့် နဲ့ အသက်ရှင်ရပ်တည်ခွင့်ကို လူတိုင်းဟာ ရရှိ သင့်တာ မဟုတ်ဘူးလားပေါ့နော် ဆိုပြီးတော့ အဲလိုမျိုးအမြင်တွေ အတွေးတွေ ရှိခဲ့တာကနေ တကယ်တော့ အမျိုးသမီးအခွင့်အရေး လုပ်ဖို့အတွက် ကျွန်မကို တွန်းအားဖြစ်စေခဲ့တယ် ထင်ပါတယ်” လို့ ပြန်ပြောင်းပြောပြပါတယ်။
 
🤎ဂျဲန်ဒါရေးရာ တန်းတူညီမျှမှုနှင့် မလွယ်ကူသော ခရီး
 
ဒီမိုကရေစီ အသွင်ကူးပြောင်းစ ကာလများကို တက်ကြွလှုပ်ရှားသူတစ်ယောက် အနေအဖြစ် ဖြတ်သန်းခဲ့သည့်အလျောက် ထိုကာလအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းတစ်ရပ် ပေါ်ထွက်လာရန်လည်း ဒေါ်မေစံပယ်ဖြူတို့ ကြိုး စားခဲ့ကြသည်။ “ဥပဒေပြုသူတွေ နားလည်း လက်ခံဖို့အတွက်ကို ကျွန်မတို့ သုံးလေးနှစ်လောက် ကြိုးစားခဲ့ရပါတယ်။နားလည်လက်ခံပြီးသည့်တိုင်အောင် အဲ့ဒီဥပဒေတစ်ရပ် ဖြစ်လာဖို့အတွက် ဆယ်နှစ်လောက် အချိန်ယူခဲ့တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဲဒီဥပဒေမူကြမ်းဟာ အတည်ပြုပြဌာန်းနိုင်တဲ့ ဥပဒေမဖြစ်လာခဲ့ဘူ်း” လို့ သူမတို့ တိုက်တွန်းနိုးဆော်ခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး ပြန်ပြောင်း ပြောပြပါတယ်။
 
🤎အမြင်ကျယ်ပြန့်မှုနှင့် ခိုင်မာသော ယုံကြည်ချက်
 
သူမသည် ဂျဲန်ဒါရေးရာတန်းတူညီမျှကို ကျယ်ပြန့်သော ရှုထောင့်မှ လက်ခံထားသူဖြစ်ပြီး ဂျဲန်ဒါရေးရာ တန်းတူညီမျှကို အကောင်အထည်ဖော်နိုင်မှတဆင့် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် မြန်မာ့ လူမှုအသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဟုခိုင်ခိုင်မာမာယုံကြည်ထားသည်။ “ငြိမ်းချမ်းလို့ ဖွင့်ဖြိုးတိုးတက်လို့ ဂျန်ဒါတန်းတူညီမျှမှု ရှိလာတာမဟုတ်ပါဘူး ဂျန်ဒါတန်း တူညီမျှ မှုရှိလို့ ငြိမ်းချမ်းပြီးဖွင့်ဖြိုးတိုးတက်တာ” ဖြစ်တယ်လို့ လည်း သူမခံယူချက်ကို ပြောပြပါသည်။
 
🤎သူမချစ်သော မြန်မာပြည်အတွက်
 
မမျှော်လင့်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် သန်းပေါင်းများစွာသော မြန်မာလူထု၏ မျှော်လင့်ချက်နှင့် တက်ကြွလှုပ်ရှားသူများ၏ အနှစ်နှစ်အလလ ကြိုးစားထားသော ပြုပြင် ပြောင်းလဲမှုများကိုပါ ဉပက္ခပြုရာ ရောက်ပါသည်။ လက်ရှိတွင် ဒေါ်မေစံပယ်ဖြူသည် အခြေအနေ အရ သူမချစ်သော မြန်မာနိုင်ငံကို စွန့်ခွါနေရသော်လည်း ငြိမ်းချမ်းရေး၊ ဂျန်ဒါ တန်းတူညီမျှရေး အတွက်ဆိုလျှင် မည်သည့်နေရာကနေမဆို မြန်မာပြည်အတွက် ပါဝင်ဖို့ ရှိနေကြောင်းနှင့် မျိုးဆက် လူငယ်များကိုလည်း ဆက်လက်မွေးထုတ်ဖို့ ကြိုးစားနေကြောင်း သိရပါသည်။
 
#inspirationalwomen
#womenactivist
#shayichannel