ကမ္ဘာ့ငြိမ်းချမ်းရေးနိုပယ်ဆုရှင် မာလာလာ၏အကြောင်း
၁၉၉၀ ဝန်းကျင်ခန့်တွင် ကချင်ပြည်နယ်ရှိ နယ်မြို့တွေမှာ ကလေးတွေ ကျောင်းပညာရေးကို လက်လှမ်းမီဖို့၊ တက်ရောက်နိုင်ဖို့ လူတန်းစားတစ်ခုလောက်ကပဲတတ်နိုင်ကြတယ်။ မိဘတွေရဲ့ ပံ့ပိုးမှု အားနည်းတာကြောင့်၎င်း၊ ပညာရေးတတ်မြောက်ခြင်းရဲ့ ရလာဒ်ကောင်းကျိုးများကို မခံစားဖူးခြင်းကြောင့်၎င်း၊ ယဉ်ကျေးမှုထုံးတမ်းအစဉ် အလာများကြောင့်၎င်း တချို့က ရေးတတ်ဖတ်တတ်တာလောက်နဲ့ ပြီးခဲ့ကြတာမျိုးနဲ့ ကလေးတွေ ကျောင်းဆက် ထားပေးဖို့ ကျောင်းဆရာ၊ ဆရာမတွေက အိမ်တိုင်ရာရောက် လိုက်လံအမြင်ဖွင့်ရတဲ့အဖြစ်မျိုးသာ များခဲ့ ကြတယ်။ တချို့ကဆို…
အမျိုးသမီးအများစုကို စီးပွားရေးရဲ့ ဇတ်ကောင်အဖြစ် ထည့်သွင်းစဉ်းစားဖို့ထက် ထိလွယ်ရှလွယ်တဲ့ အုပ်စုအဖြစ်သာ ရှုမြင်ကြပါတယ်။ ထိုအထဲမှာမှ လုပ်ငန်းရှင်အတိုင်းအဝိုင်းနှင့် နီးစပ်တဲ့ မဆို စလောက် အမျိုးသမီးအချို့သာ စီးပွါးရေးလုပ်ငန်းမှာ လှုပ်ရှားတက်ကြွသော ဇတ်ကောင်များအဖြစ် ပါဝင်ကြပြီး အများစုကတော့ မိသားစု စားဝတ်နေရေးလုံးပမ်းမှုတွင်သာရှိကြပြီး စီးပွားရေး လုပ်ငန်းအဆင့်ကို လက်လှမ်းမှီနိုင်သေးခြင်းမရှိကြပါ။ မြစ်ကြီးနား ဂျန်မိုင်ကောင်ရပ်ကွက်အတွင်း လူပေါင်း ၃၀ ကျော်ဖြင့်လည်ပတ်နေသော “Hkahku ရိုးရာရက်ကန်း”…
ဝါးထရံနဲ့အိမ်လေးထဲမှာ ဖရောင်းတိုင်မီးရောင်လေးကြောင့် ဖုန်းကင်မရာ ထဲတွင် အသားရောင်လေးက သာမှန် ထက် အနီရောင်လေး သန်းနေ သရောင်ထင်ရတဲ့ ခရေပြုံးနေတာကို မြင်လိုက်ရတယ်။ ခရေဟာ အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပြီး အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နဲ့ စကားပြောရင် ပြုံးနေတဲ့ မျက်နှာလေး ပိုင်ဆိုင်ထားသူတဦးဖြစ်တယ်။ သူမဟာ မိုးကုတ်ဘက်မှ ခင်ပွန်းရှိရာ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ရပြီး ကလေးရှစ်ယောက်မိခင်တဦးဖြစ်တယ်။ ခရေဟာ ခြောက်ယောက်မြောက် ကလေး…