အရှေ့ဉရောပမှ တရားမျှတမှုအတွက် တိုက်ပွဲဝင်သော အမျိုးသမီး( ဇူဇန်နာ ချပူတိုဗာ)

💙အသက် (၄၇) နှစ်အရွယ်မှာ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာတဲ့ ဇူဇန်နာချပူတိုဗာ (Zuzana Caputova)ကို ဆလိုဗားကီးယား နိုင်ငံရဲ့ အဲရင်းဘရို့ခါဗစ် (Erin Brockovich) လို့တင်စားကြပြီး တရားမျှတမှုအတွက် ခိုးကိုးရာမဲ့နေချိန်မှာ တစ်ခုတည်းသော နိုင်ငံရေးမျှော်လင့်ချက်လည်း ဖြစ် နေပါတယ်။   💙ဒီလိုဖြစ်လာဖို့အတွက် စီးပွားရေးအစုအဖွဲ့ကြီးတွေနှင့် နိုင်ငံရေးအာဏာရှိသူတွေရဲ့ ဉပဒေမဲ့ လုပ်ရပ်များကို လှုပ်ရှားတက်ကြွသူအဖြစ်နဲ့ အနိုင်ယူတားဆီးနိုင်ခဲ့တဲ့ သာဓကလည်းများစွာရှိပါတယ်။ အဲဒါတွေကြောင့် အမေရိကန်…

Comments Off on အရှေ့ဉရောပမှ တရားမျှတမှုအတွက် တိုက်ပွဲဝင်သော အမျိုးသမီး( ဇူဇန်နာ ချပူတိုဗာ)

“ငြိမ်းဖောင်ဒေးရှင်းနှင့်အတူ ဆယ်စုနှစ် နှစ်နှစ်ကျော်ခရီးသွားသူ (ခေါ် )မူဝါဒနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ဒါရိုက်တာ ဒေါ်နန်ရော်”

📝အဖွဲ့တစ်ခုမှာ အခုလို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာလုပ်ဆောင်သူမှာ လက်ချိုးရေတွက်လို့ပင်ရနေတဲ့ ခေတ်ကြီးမှာ ဘယ်လို အကြောင်းအရာတွေကများ ဒီလောက်ကြာအောင် လုပ်ဆောင်စေနိုင်ခဲ့သလဲ။ ဘယ်လိုစိတ်ဓါတ်ခွန်အားတွေနဲ့ ကျော်ဖြတ်ခဲ့ သလဲဆိုတာ ဆရာမရဲ့ နှစ်နှစ်ဆယ်ကျော် အတွေ့အကြုံလေးကို မေးမြန်းထားပါတယ်။   📝ဆရာမ ဒေါ်နန်ရော်ဟာဆိုလို့ရှိရင် ရှမ်းပြည်ဘက်က ကချင်လူမျိုးဖြစ်ပြီး ကချင်ပြည်နယ်တွင် ကြီးပြင်းလာသူဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်ကစပြီး မိဘတွေအလုပ်အကိုင်ကြောင့် ရန်ကုန်မြို့သို့ ထပ်မံပြောင်းရွှေ့နေခဲ့ရတယ်။ ဆရာမမှာ…

Comments Off on “ငြိမ်းဖောင်ဒေးရှင်းနှင့်အတူ ဆယ်စုနှစ် နှစ်နှစ်ကျော်ခရီးသွားသူ (ခေါ် )မူဝါဒနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ဒါရိုက်တာ ဒေါ်နန်ရော်”

⚧ဂျဲန်ဒါ ခွဲခြားဆက်ဆံခြင်းနှင့် ၄င်း၏အကျိုးဆက်များ⚧

✅မြန်မာနိုင်ငံတွင် အခုအခါ “ခွဲခြားဆက်ဆံခြင်း” ဆိုသည့် စကားရပ်ကို ပိုမိုရင်းနှီးလာခဲ့ပြီး “ခွဲခြား ဆက်ဆံခြင်း”ကို လက်မခံမှုများ၊ တုံ့ပြန်မှုများလည်း ရှိနေသည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ဂျဲန်ဒါ ခွဲခြားဆက်ဆံခြင်းဟု ဆိုရာတွင် နားလည်မှု ဝိရောဓိများဖြင့် အငြင်းပွားမှုအဆင့် သို့မဟုတ် စိတ်မဝင်စားသည့်အဆင့်တွင်သာ ရှိသေးသည်ကို လေ့လာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျဲန်ဒါဟု ဆိုလိုက်သည်နှင့် အမျိုးသမီးအရေး၊ အမျိုးသမီးကိစ္စရပ်များကိုသာ ဦးတည်ပြောဆို ကြတော့မည်ဟု…

Comments Off on ⚧ဂျဲန်ဒါ ခွဲခြားဆက်ဆံခြင်းနှင့် ၄င်း၏အကျိုးဆက်များ⚧

ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီးသည့်နောက် သတိပြုရမည့်အချက်များ

✍️နိုင်ငံနှင့် လူမျိုးစုတစ်ခု တိုးတတ်ဖွံ့ဖြိုးလာရန်အတွက် အခြေခံအချက်မှာ ကျန်းမာသွက်လက်သန်မာတဲ့ ပြည်သူလူထုများစွာ ရှိနေဖို့လိုအပ်ပါတယ်။ ဒီလိုပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးတဲ့ ပြည်သူတွေဖြစ်ဖို့အတွက် မိခင်တွေက အဓိကဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ လူတစ်ယောက် တိုးတတ်ဖွံ့ဖြိုးလာဖို့ မိခင်ဝမ်းထဲ ရှိချိန် ( ကိုယ်ဝန်ဆောင်ချိန် ) ဟာ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိခင်များ ကိုယ်ဝန်ဆောင် ကျန်းမာရေး နှင့် မီးဖွားပြီးနောက် ၆ပတ် (post-partum…

Comments Off on ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီးသည့်နောက် သတိပြုရမည့်အချက်များ