သွေးဆုံးခြင်းကြောင့် ဖြစ်တတ်သော ကျန်းမာရေး ပြဿနာများ
သွေးဆုံးခြင်းကြောင့် အမျိုးသမီး အများစုသည် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစားကြရသည်။ အသက်အရွယ်ကြီးလာသည်နှင့် ခန္ဓာကိုယ်ထဲတွင် အစ်စထရိုဂျင်ဟော်မုန်း (အမျိုးသမီးဟော်မုန်း) လျော့နည်းလာသဖြင့် ရာသီသွေးထိန်ခြင်း၊ သားဉအိမ်မှ သားဉများဆင်းခြင်း မရှိသဖြင့် ကိုယ်ဝန်ဆောင်ခြင်း မရှိနိုင်ပါ။ များသောအားဖြင့် အသက် ၄၅ နှစ်မှ ၅၅နှစ်အတွင်း အဖြစ်များပါသည်။ သွေးဆုံးခြင်းသည် အမျိုးသမီးများအတွက် ဘဝပြောင်းလဲမှုမှတ်တိုင် တစ်ခုလည်း ဖြစ်သည်။ ရာသီသွေးရပ်ပြီး…
